၇.၅.၂၀၂၂ စနေနေ့ နံနက် (၉) နာရီအချိန်တွင် စိန်ဂျွန်းကက်သလစ်ဘုရားကျောင်း (ကန်တော်မင်) သာသနာမှ လက်ထောက်ဘုန်းတော်ကြီး Fr. Bruno ကျော်မိုးသူမှ ဦးဆောင်၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် လူမှုကူညီရေးအဖွဲ့၊ ကလေးသူငယ်များအဖွဲ့၊ စိန်ဗင်းဆင်းဒီပေါလ်အဖွဲ့နှင့် လူငယ်အဖွဲ့တို့မှ အဖွဲ့ဝင်များပါဝင်တက်ရောက်ခဲ့ကြပြီး သာသနာအတွင်းလှုပ်ရှားမှုများနှင့် သာသနာတိုးတက်ရေးအတွက် အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ထို့အပြင် အဖွဲ့အသီးသီးမှ မိမိတို့အကြံပြုလိုသည်များကိုလည်း အကြံပြုတင်ပြခဲ့ကြသည်။
\r\n